√ 𝙎𝙩𝙤𝙧𝙮 𝙖𝙣𝙙 𝙈𝙚𝙖𝙣𝙞𝙣𝙜 𝙗𝙚𝙝𝙞𝙣𝙙 𝘾𝙃𝙀𝙉𝙇𝙀'𝙨 𝙉𝙖𝙢𝙚

// 𝙎𝙩𝙤𝙧𝙮 //- Chenleရဲ့ ငယ်ငယ်တုန်းက နာမည်က Zhong Chenyueပါ။ မူကြိုစတက်တဲ့အချိန်ရောက်တော့ လူတွေက သူ့ကို Zhong Chenleလို့ပဲ ခေါ်ကြတာများလို့ နာမည်ကိုလည်း Zhong Chenleဆိုပြီး ပြောင်းလိုက်တာပါတဲ့။- Chenleရဲ့ အစ်ကိုနာမည်က 辰音 (Chenyin)ပါ။ 音乐 (yinyue) ဆိုတာက တရုတ်ဘာသာစကားမှာဆိုရင် Musicလို့ အဓိပ္ပာယ်ရပါတယ်။ ညီအစ်ကို နှစ်ယောက်ရဲ့ အနောက်နာမည်နှစ်လုံးကို ပေါင်းလိုက်ရင် 音乐 (yinyue) = Musicဆိုတဲ့ အဓိပ္ပာယ်လေးထွက်လာပါတယ်။- 乐 ဆိုတဲ့စကားလုံးက yuèအပြင် lè လို့လည်းအသံထွက်ကြတာမို့လို့ Zhong Chenle လို့ လူတွေခေါ်ကြတာပါ။ 乐 မှာ အသံထွက် နှစ်မျိုး lè , yuè ဆိုပြီး ရှိပါတယ်။ အဓိပ္ပာယ်ကလည်း နှစ်မျိုးရှိတာပါ။ lè ဆိုတာက ပျော်ရွှင်ခြင်း လို့ အဓိပ္ပာယ်ရပြီး yuè ဆိုတာက musicပါ။- လူအများစုက 乐ကို yuèမဟုတ်ဘဲ lèကလည်း ပိုပြီးအသုံးများတာမို့လို့ lèအဖြစ်အဖတ်များပြီး Chenleကိုလည်း Chenyueမဟုတ်ဘဲနဲ့ Chenleလို့ ခေါ်လာကြတာပါ။ အဲ့လိုကနေ နာမည်ကို Chenleလို့ပဲ အတည်ယူလိုက်တာပါလို့ပြောပါတယ်။// 𝙈𝙚𝙖𝙣𝙞𝙣𝙜 //- 早晨 (zaochen) ဆိုတဲ့စကားလုံးက တရုတ်စကားမှာ မနက်ခင်းလို့ အဓိပ္ပာယ်ရပြီး 音乐 (yinyue) ဆိုတာက Musicပါ။ Chenleရဲ့မိဘတွေက 早晨 (zaochen) ဆိုတဲ့စကားလုံးရဲ့ အနောက်စာလုံး 晨(Chen) ကိုယူပြီး 音乐 (yinyue)က စာလုံးတစ်လုံးဆီနဲ့ ပေါင်းစပ်ကာ Chenleတို့ ညီအစ်ကိုနှစ်ယောက်ရဲ့ နာမည်ကို ပေးခဲ့တာဖြစ်ပါတယ်။- Chenyueကနေ Chenleဆိုပြီး ပြောင်းလိုက်တဲ့အချိန်မှာလည်း Chenleရဲ့မိဘတွေက Chenleနေ့တိုင်း ပျော်ရွှင်ရပါစေဆိုတဲ့ အဓိပ္ပာယ်ကို ရည်ရွယ်ပြီး 快乐 (kuai le) = ပျော်ရွှင်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ စကားလုံးက le ကိုယူပြီး Chenleလို့ ပြောင်းလိုက်တာပါ။


Carrd by NCT Chenle Myanmar